ကော့မှူးမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကော့မှူး ဖေဖော်ဝါရီ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပျဉ်းကတိုး-ချောင်းဝလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု မြေပြင်အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး အသွေးအသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့်လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ ပျဥ်းကတိုး-ချောင်းဝလမ်း အရှည်  ပေ၂၆၄၀ ၊အကျယ် ၁၂ ပေ၊ ဒု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာများမှ ကျေးရွာသူ၊ကျေးရွာသားများအတွက် လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး အစရှိသည့် လှုမှုစီးပွားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)