၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒိုက်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနား ကျင်းပ

ဒိုက်ဦး ​ဖေဖော်ဝါရီ ၁၇

ဒိုက်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြို့နယ် အားကစားကွင်းအတွင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ နောက်ဆုံးဗိုလ်လုပွဲတွင် အမှတ် (၆) မင်းတဲရပ်ကွက် အသင်းနှင့် အမှတ် (၃) ဝါဆိုရပ်ကွက်အသင်းတို့ ယှဥ်ပြိုင်ကြရာ အမှတ် (၆) မင်းတဲရပ်ကွက် အသင်းက အမှတ်(၃) ဝါဆိုရပ်ကွက် အသင်းအား (၃)ဂိုး (၂)ဂိုး အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် နေရာအလိုက် အကောင်းဆုံး အားကစားသမားများအား ဆုချီးမြှင့်ပြီးနောက် ဒုတိယဆုရရှိသော အမှတ်(၃) ဝါဆိုရပ်ကွက်အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး သက်နောင်ဦးက ငွေသားကျပ် (၇)သိန်းနှင့် ငွေဖလားဆုအားလည်းကောင်း၊ ပထမဆုရရှိသော အမှတ် (၆) မင်းတဲရပ်ကွက် အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ငွေသားကျပ် (၁၀)သိန်းနှင့် ငွေဖလားဆုအားလည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)