မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဓမ္မယုတ္တိကနိကာယ (မဟာရင်ဂိုဏ်း) နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်နှင့် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ (၁၂၇)ကြိမ်မြောက် ဓမ္မဝိနယစာပြန်ပွဲတော်ကြီး အခမ်းအနားတက်ရောက်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဓမ္မယုတ္တိကနိကာယ (မဟာရင်ဂိုဏ်း) နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်နှင့် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ (၁၂၇)ကြိမ်မြောက် ဓမ္မဝိနယစာပြန်ပွဲတော်ကြီးအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်၊ တော်ကနာကျေးရွာ ပဗ္ဗတမင်္ဂလာရုံကျောင်း၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။