မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ရေနံချောင်းမြို့၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင်လ (၅) ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ဆောင်ရွက်သည်။

မိုင်းပန်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

နမ့်စန်တွင် GEC ပညာရေးငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။

ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုး‌ပွဲ ကျင်းပ

မကွးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၅ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။

လပွတ္တာမြို့နယ်၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က လူငယ်အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်‌ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲ က မုံရွာမြို့ နန္ဒ္ဝန်ရပ်ကွက်ရှိ စည်သူလမ်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြသည်။

အောင်မြေသာစံမြို့နယ်တွင် ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း (၅၀) နှင့် သီလရှင်ကျောင်း (၅၀) အား ဗီယက်နမ်ဆရာတော်နှင့်အလှူရှင်အဖွဲ့က အလှူငွေများ ဆက်ကပ်လှူဒါန်း

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၀)၊ ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရကျောင်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အရှင်ဝိမလ၊ က‌နေဒါနိုင်ငံ Trae Lam Tay Thein ဘုန်းတော်ကြီးကျောင်းဆရာတော် HT. Thich Thein Tamq နှင့် ဗီယက်နမ်ဆရာတော် ၄ ပါး၊ သီလရှင် ၂ ပါးနှင့်အလှူရှင်များအဖွဲ့သည် ဇူလိုင် ၆ ရက် မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း၊ လမ်း၂၀ရှိ ခင်မကန်တိုက်၊ မဟာဝိဇယာရာမ ခင်မကန်ဓမ္မဗိမာန်တော်ကြီးတွင် နန်းတော်ရှေ့ရှိ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း (၅၀) သို့ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

သာစည်မြို့နယ်၌ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန်ရိက္ခာတစ်လစာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာ (၁) လစာပေးအပ်ပွဲကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်သရုပ်ပြပွဲနှင့်နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲတက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို  ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Subscribe to