သံဃာတော်အရှင်သူမြတ်များအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာ၀န်ရှိသူများက သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဌသံဂါယနာ မဟာပါသာဏလှိုင်ဂူသိမ်တော်ကြီးတွင် ကျင်းပလျက်ရှိသော နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် သံဃာတော်အရှင်သူမြတ်များ ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။

‌ဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ၀န်ထမ်းများက သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဌသံဂါယနာ မဟာပါသာဏလှိုင်ဂူ သိမ်တော်ကြီးတွင် ကျင်းပလျက်ရှိသော နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် တက်ရောက်လျက်ရှိကြသော သံဃာတော်အရှင်သူမြတ်များအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဖြင့် ဖော်စပ်ထားသော ဆေးဝါးများနှင့် ရောဂါများအလိုက် ဆေးကုသမှုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)