ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပင်းတယမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် နည်လှည့်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပင်းတယ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နည်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သရက်ကုန်းကျေးရွာအတွင်းရှိ ဆယ်အိမ်စု အမျိုးသမီးစေတနာ့ဝန်ထမ်းများ၊ ကျေးရွာအမျိုးသမီးရေးရာများနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အခြေအနေများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပေးပြီး တက်ရောက်လာသည့်   ဆယ်အိမ်စုမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပင်းတယမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက တီဘီရောဂါအကြောင်း အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သရက်ကုန်းကျေးရွာရှိ ပတ်ဝန်းကျင်ရှိ နေအိမ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သရက်ကုန်းကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးနေသည့် ဝါးခမောက်ပြုလုပ်ခြင်းသင်တန်းနှင့် ငှက်ပျောတောရပ်ကွက်၌ ဖွင့်လှစ်သင်ကြားပေးနေသည့် ရှမ်းစက္ကူဖြင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းများအား ကြည့်ရှုအားပေးခြင်း၊ ရွာသစ်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရိပ်မြုံအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံးခန်းမတွင်ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့၏ခင်ပွန်းများအား ကိုယ်ဝန်ဆောင်အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရကာ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်ပစ္စည်းနှင့် ဆေးစိမ်ခြင်ထောင်များကို ပေးအပ်ခဲ့ကြောင်းနှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သရက်ကုန်းကျေးရွာအုပ်စုရှိ ကိုယ်အားကိုယ်ကိုးမူကြိုကျောင်းသို့ သွားရောက်၍ မူကြိုကျောင်းသား၊ ကျောင်းသူများအား အဝတ်အထည်များအား ပေးအပ်ကာ ကလေးသူငယ်များအား အာဟာရဒါနအဖြစ် ကန်စွန်းဥသာကူကျိုကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)