မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသားကျောင်းသူလေးများအားလပ်ရက်များတွင် ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက လူငယ်လူရွယ် ကျောင်းသား၊သူလေးများကို နွေရာသီအားလပ်ရက်များတွင် ကျောင်းစာအပြင် အခြားဗဟုသုတများရရှိစေရန်၊ ကိုယ်စွမ်းဉာဏ်စွမ်းများတိုးတက်လာစေရန်၊ စာပေမှာမွေ့လျော်ပြီး အမှားအမှန်ဝေဖန်နိုင်စေရန်၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ အများကျိုး သယ်ပိုးထမ်းဆောင်‌စေလိုသောစိတ်များ မွေးမြူး‌တတ်လာစေရန်ဟောပြောသည်။

မဟာအောင်မြေမြို့နယ်၌ နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့်  ဝန်ထမ်းများက နံရံကပ်စာစောင်များ၊ စာအုပ်စာပေများကိုလည်းခင်းကျင်းပြသခဲ့ပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ပန်းချီပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း