ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ World Vision နှင့် ဌာနဆိုင်ရာများ ပူးပါင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ အခြေခံဗီဒီယို ရိုက်ကူး၊ တည်းဖြတ်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲနိုင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးရဲမှူးဆန်းယုနိုင်နှင့် အဖွဲ့ဝင် ဦးလှမြင့်တို့က သင်တန်းသားများအား သင်တန်း တက်ရောက်ရာ၌ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ကြရန်၊ အမှန်တကယ်လက်တွေ့ အသုံးချတတ်ကြရန် မှာကြားခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ဓါတ်ပုံကျွမ်းကျင်-၂(အင်အားပြ)ဦးကျော်ဇင်စိုး(ပြန်/ဆက်)မှ အခြေခံဗီဒီယို ရိုက်ကူးခြင်းနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များ၊ ဗီဒီယို တည်းဖြတ်သည့် application နှင့်ပတ်သက်သည့် အသုံးပြုပုံအသုံးပြုနည်းလမ်းညွှန်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များအား စာတွေ့၊ လက်တွေ့သင်ကြားခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း(၂၅)ဦးခန့် တက်ရောက် ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)