ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မြောင်းမြမြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံ၌ ဖွင့်လှစ်သည့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း(၃/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားသို့ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီအချိန်က တက်ရောက်ခဲ့သည်။