သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

သရက်ချောင်း  ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အဆိုပါစာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်သူများအား ကျေးဇူးတင်စကားပြောကြားပြီးနောက် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်သူ(Book Club)အဖွဲ့ဝင်များက အဆိုပါစာအုပ်ကို ဖတ်ရှုလေ့လာခဲ့ပြီး အပြန်အလှန်ဆွေးနွေးရာ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”ခေါင်းစဉ်အောက်မှ စာပေချစ်သူ ဒေါ်မြထွေးသွယ်က လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်းအကြောင်း၊ ဒေါ်ခက်ခက်ဝေခိုင်က လူငယ်နှင့်အလှပ၊ လူငယ်နှင့် စူးစမ်းစိတ်အကြောင်း၊ ဦးစောလွင်က လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့် လူမူရေးအတွေးများအကြောင်းကို စာပေချစ်သူ(Book Club)အဖွဲ့ဝင်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက နိဂုံးချုပ်ဆွေးနွေးရာတွင် လူငယ်များအနေဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူ(Book Club)အဖွဲ့ဝင်များ ပူပေါင်း၍ လူငယ်များအား နှိုးဆော်ပေးစေလိုကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)