ဝေါမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား သွားနှင့်ခံတွင်း အထွေထွေကျန်းမာရေး ကုသပေး
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ကျောင်းသား/ ကျောင်းသူများ KG မှ Grade(4) အထိသွားနှင့် ခံတွင်းကုသခြင်းနှင့် Grade (5)မှ Grade (12)အထိ အထွေထွေကျန်းမာရေးစောင့်ရှောက် ကုသစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝေါအရှေ့)တွင် ပြုလုပ်ပေးခဲ့သည်။