ပင်လောင်း ဩဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ ဘောလုံးအသင်းသားများ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အားကစားရုံ၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။
စစ်ဆေးတွင် ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ ဘောလုံးအသင်းသားများအား အသက်(၂၅)နှစ် ကျော်လွန်ခြင်းရှိ/မရှိ နိုင်ငံသားစိစစ်ရေးကပ်ပြားနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကပ်ပြား လဲလှယ်ပြုလုပ်နိုင်ရေးကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင်ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးနှင့်ဝန်ထမ်းများက စစ်ဆေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပြိုင်ပွဲဝင် ဘောလုံး အသင်းများအား အုပ်စုပွဲစဉ်များအတွက် ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က အုပ်စုပွဲမဲခွဲပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)