ပျော်ဘွယ် ဩဂုတ် ၁၁
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မူလတန်းအဆင့် ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယခုလို ပြိုင်ပွဲကျင်းပရခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ကောင်းသောယှဉ်ပြိုင်မှုနှင့် ယှဉ်ပြိင်တတ်စေရေး၊ နေ့ကြီးရက်ကြီးများအလိုက် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်အတွင်းအခြေခံပညာကျောင်း(၄)ကျောင်းမှ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)တို့က မိမိတို့စိတ်ကြိုက် ခေါင်းစဉ်များဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)