မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာ၌ နွားအကောင်ရေ(၂၄၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံပေး

မြစ်သား        သြဂုတ်   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ  ဝန်ထမ်းများက မွေးမြူရေးနှင့်လယ်ယာလုပ်တောင်သူများ၏  နွားများတွင် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက်(၇) နာရီက ရစ်ကန်ကျေးရွာတွင်  ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ဇော်ဦးဆောင်သော ဝန်ထမ်းများက နွားများတွင် ဖြစ်ပေါ်တတ်သည့်ရောဂါများအကြောင်း၊ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါလက္ခဏများအကြောင်းတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးနှင့်  လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသောတောင်သူများ မွေးမြူထားသည့် ရစ်ကန်ကျေးရွာရှိ   နွားကောင် (၂၄၀) ကောင်အား ပေါင်ပုပ်၊  လက်ပုပ်  ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။   

သီတာအောင်(မြစ်သား)