မန္တလေး ဩဂုတ် ၂၅
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးသူများအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားလိုပါက လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်မှ စက်တင်ဘာလ (၁၀) ရက်နေ့အထိ၊ နံနက် (၉:၃၀) နာရီမှစ၍ ညနေ(၄:၃၀)နာရီအတွင်း ပိတ်ရက်မရှိ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)ပေါ်ရှိ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(မန္တလေး)နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ဝင်ခွင့်လျှောက်ထားသူများအနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ပါ စာရွက်စာတမ်းများအပြင် မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ပေးသော အမှတ်စာရင်းမူရင်း၊ ကျောင်းသား၊ ကျောင်းသူနှင့် မိဘနှစ်ပါးကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ် (နိုင်/ပြု/ဧည့်) မိတ္တူများကိုပါ ယူဆောင်ခဲ့ရပါမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၀၉၃)