မာန်အောင် မတ် ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ် (၁၁)ရက်မှစတင်ကျင်းပလျက်ရှိရာ (ပထမနေ့)မြန်မာစာ ဘာသာရပ်အားကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ မာန်အောင်မြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၅)ခု ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ(၇၃၄)ဦးရှိအနက် ပျက်ကွက်(၄၄)ဦး၊ ဖြေဆို(၆၉၀)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါစာမေးပွဲဖြေကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ တာဝန်ကျဆရာ၊ဆရာမများက ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်