တနင်္သာရီ မတ် ၁၁
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က-တနင်္သာရီတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၁ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က တနင်္သာရီကျောင်းစာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား ၈၃ ဦး၊ ကျောင်းသူ ၁၄၉ ဦး၊ စုစုပေါင်း ၂၃၂ ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား ၆၃ ဦး၊ ကျောင်းသူ ၁၂၈ ဦး၊ စုစုပေါင်း ၁၉၁ ဦး ရှိပြီး ကျောင်းသား ၂၀ ဦး၊ ကျောင်းသူ ၂၁ ဦး စုစုပေါင်း ၄၁ ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စီမံခန့်ခွဲပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနှင့်စာစစ်ဌာနကြီးကြပ်ရေးမှူး
တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စာမေးပွဲပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူများသည် နံနက် ၉ နာရီမှ စတင်၍ စာမေးပွဲခန်းများသို့ ဝင်ရောက်ကာ သတ်မှတ်အချိန်အတိုင်း စည်းကမ်းပြည့်ဝစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)