နောင်ချို မတ် ၁၂
၂၀၂၆ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို အမြို့မြို့အနယ်နယ်တွင်ကျင်းပလျက်ရှိရာ နောင်ချိုမြို့နယ်အနေဖြင့် မြန်မာစာဘာသာရပ်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူ ၂၈၉ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုပြီးစီးချိန်၌ ကျောင်းသား၊ကျောင်းသူများအား စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးသည့်အနေဖြင့် အချိုရည်နှင့်မုန့်များကို အလှူရှင်များက ပေးဝေခဲ့ကြသည်။ ပထမနေ့အလှူရှင်အဖြစ် အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာကွပ်ကဲမှုအဖွဲ့ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သူရိန်မင်းသိန်းမှ လှူဒါန်းပေးခြင်းဖြစ်ကာ ဆက်လက်ဖြေဆိုမည့် ဘာသာရပ်များအလိုက် နေ့ရက်များတွင်လည်း အလှူရှင်များက လှူဒါန်းပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်