သံဖြူဇရပ် မတ် ၁၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အေးချမ်းစွာဖြင့် သံဖြူဇရပ်မြို့ အ ထ က(၁)၊ အ ထ က(၂)၊ အထက(ကျိုက္ခမီ)၊ အထက(ကျုံကဒတ်)စာစစ်ဌာနတို့တွင်စတင်ဖြေဆိုလျက်ရှိသည်။
သံဖြူဇရပ် မြို့နယ်၏၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုလျက်ရှိရာ၊ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ (၁၁၆၈ ) ဦး ရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ (၁၁၄၂) ဦးရှိရာ၊ ပျက်ကွက်သူ (၄၄) ဦးရှိသဖြင့် ဖြေဆိုမှု (၉၆.၂၉) ရာခိုင်နှုန်း ဖြေဆိုလျက် ရှိပါကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များမှကြီးကြပ်၍ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ ပြည်သူ့စစ်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်များကပူးပေါင်း၍ လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးလျက်ရှိသဖြင့် စာစစ်ဌာန(၄)ခုတွင်ကျောင်းသား/သူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)