နောင်ချိုမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးကြို (ကြံ) စိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

နောင်ချို မတ် ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးကြို (ကြံ) စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မတ်လ ၁၃ ရက်နေ့က စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ငုက္ခလေးကျေးရွာ၊ သုံးဆယ်ကျေးရွာ၊ အထက်ကြူအင်းကျေးရွာနှင့် အင်းဖိုကျေးရွာများရှိ မိုးကြို (ကြံ) စိုက်ပျိုးမည့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် ထုတ်ချေးရခြင်းဖြစ်ကြောင်းနှင့် ကြံတစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် အထက်ပါကျေးရွာများအတွင်းရှိ မိုးကြို (ကြံ) စိုက်ပျိုးမည့် တောင်သူ ၁၆၅ ဦးရှိကြောင်း၊ ကြံစိုက်ပျိုးဧက ၁၀၂၃ဧက ရှိကြောင်း၊ ထုတ်ချေးငွေ ကျပ် (၁၀၂၃၀၀၀၀၀) သိန်းကို ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြို့နယ် (ပြန်/ဆက်)