မိုးနဲမြို့နယ်၌ နွေရာသီအခြေခံ အဆိုနှင့်အက သင်တန်းဖွင့်လှစ်သင်ကြား

မိုးနဲ မတ် ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် နွေရာသီအခြေခံအဆိုနှင့် အကသင်တန်းကို မတ်လ ၁၃ ရက်နေ့နံနက် ၉ နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို နွေရာသီ‌ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကာယ၊ ဉာဏစွမ်းအားများ ပိုမိုဖွံ့ဖြိုးတိုက်တက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ဂီတဆရာမများက ကျောင်းသား၊ ကျောင်းသူ ၇၅ ဦးအား အခြေခံအဆိုနှင့် အကဘာသာရပ်နှစ်မျိုးကို မတ်လ ၁၇ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ