ကြံခင်း ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာဖတ်ခြင်းဖြင့် ဗဟုသုတ ရရှိစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၁၀)နာရီအချိန်က သုတ/ရသစာပေမျိုးစုံ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် (Mobile Library) စနစ်ဖြင့် စာအုပ်များ (အခမဲ့) ကွင်းဆင်းငှားရမ်းပေးကြသည်။
ထိုသို့ (Mobile Library) စနစ်ဖြင့် (အခမဲ့) ကွင်းဆင်းငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းနှင့် ဝန်ထမ်းများက မြို့နယ်လူမှုဖူလုံရေးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား သုတ/ရသစာပေမျိုးစုံကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက်(အခမဲ့) ကွင်းဆင်း စာအုပ်ငှားရမ်းပေးကြောင်း သိရသည်။
ထိုသို့ (Mobile Library) စနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် စာကြည့်တိုက်မှ သတ်မှတ်စည်းကမ်းချက်နှင့်အညီ အသင်းဝင်ကတ်များ (အခမဲ့) ပြုလုပ်ပေးခြင်း၊ စာအုပ်တစ်အုပ်လျှင် (၇) ရက် ကြာငှားရမ်းပေးခြင်း၊ အဆိုပါ စာအုပ်များကို (အပတ်စဉ်) အသစ်ဖတ်ရှုနိုင်စေရန် လဲလှယ်ငှားရမ်းပေးမှာဖြစ်ကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)