သရက် ဇွန် ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိဿလိမ်းကျေးရွာ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီက ပိဿလိမ်း(ကျင်း)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက ဌာန၏ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်းများ၊ မုန်းတိုင်းဘေး၊ မီးဘေး၊ ရေဘေးပြောကြားပေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်းက လေးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ ပြောကြားပေးခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုဦးစီးမှူး ဦးဝေယံစိုးက ဆူနာဘေးမီ၊ မိုးခေါင်ရေရှားဘေး၊ မြေပြိုဘေး စသည့်ခေါင်းစဉ်များဖြင့် ဟောပြောပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်