ဟင်္သာတ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မြန်မာ့မီးရထားတိုင်း(၉)ရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြိမ်းသတ်ခြင်း သရုပ်ပြပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် ရှေးဦးစွာ မြန်မာ့မီးရထားတိုင်း(၉)ရုံးမှ တိုင်းမန်နေဂျာ ဦးအောင်ဇော်မြင့်က အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးဦးဥက္ကာက မီးလောင်မှုဖြစ်ပွားရသော အကြောင်းအရင်းများ၊ ပေါ့ဆမီးများကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှုများ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဗူးများအသုံးပြုပုံနှင့် သက်ဆိုင်ရာသို့ဆက်သွယ် အကြောင်းကြားမှုလုပ်ငန်းစဉ်များ၊ ရုံးများ၊နေအိမ်/အဆောင်များတွင် လျှပ်စစ်မီး အသုံးပြုမှုအတွက် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာ ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့်မြန်မာ့မီးရထားတိုင်း(၉)ရုံးမှ တိုင်းမန်နေဂျာ ဦးအောင်ဇော်မြင့် ဦးဆောင်သော ဝန်ထမ်းများက မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုနည်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းတို့အား လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)