ရွှေပြည်သာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရွှေပြည်သာ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂၇)ရပ်ကွက် အမှတ်(၄)လမ်းမကြီးအနီး သာစည်လမ်းဘေး၌ ကျင်းပခဲ့သည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့်သစ်ပင်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများထံ ပေးအပ်ခဲ့သည်။

မိုးရာသီသစ်ပင်စိုက်ပျိုးအခမ်းအနားသို့ အမှတ်(၂)နယ်မြေစစ်ဒေသမှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ‌ကျောင်းသား/သူများက ကျွန်းပင် (၅၀)ပင်၊ စိန်ပန်းပင် (၄၀)ပင်၊ မန်ဂျန် (၂၀၀)ပင်၊ ပျဉ်းကတိုး (၂၀)ပင်၊ ပိတောက် (၂၀)ပင်၊ ကံကော်(၂၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ မာလားလူးကားပင် (၅၀)ပင်၊ စုစုပေါင်းပျိုးပင် (၅၀၀)အား တက်‌ရောက်သူ(၅၀၀)ဖြင့် တပျော်တပါး စိုက်ပျိုးကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)