ဒလမြို့နယ်၌ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစံပြစိုက်ခင်းတွင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစံပြစိုက်ခင်းတွင် ယနေ့နံနက်(၉)နာရီ မိနစ်(၄၀)အချိန်က ရွှေလှေချောင်ကျေးရွာရှိ ကွင်းအမှတ် (၂၀၉-ခ)၊ ဦးပိုင်အမှတ်(၅/၁)ရှိ တောင်သူဦးကျော်သိန်း၏ လယ်မြေ(၁၀)ဧက၌ မှော်ဘီ(၃)မျိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

မုဒုံမြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ညောင်ကုန်း၊ ကမာအုပ်ကျေးရွာနေ တောင်သူများအား ထုတ်ချေးပေးသည်။

သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသူအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား (သာစည်စက်ခေါင်းရုံ) မှ အာမခံအလုပ်သမား အလုပ်ခွင်ထိခိုက်သေဆုံးသွားသည့်အတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၂) ရပ်ကွက် သာစည်စက်ခေါင်းရုံရှိ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ပင်လုံမြို့၊ အ.လ.ကခွဲ(၂)ကျောင်း၌ ကျောင်းသား/ကျောင်းသူလေးများအား ဆုံဆို့-မေးခိုင်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆုံဆို့-မေးခိုင်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို နေ့လယ်(၁:၀၀)နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍" လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လည်(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community center)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသူအတွက်ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား(သာစည်စက်ခေါင်းရုံ)မှ အာမခံအလုပ်သမား အလုပ်ခွင်ထိခိုက်သေဆုံးသွားသည့်အတွက် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် သာစည်စက်ခေါင်းရုံရှိ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျကြိုးစားသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ကျောက်တန်းမြို့နယ် အားကစားနှင့်ကာယပညာဦစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်က ကျောက်တန်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to