‎မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များ စိုက်ထူခြင်း အခမ်းအနားကျင်းပ

မဟာအောင်မြေ မတ် ၁၉

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊သံလျက်မော်အရှေ့ ရပ်ကွက်အတွင်း လူစည်းကားရာနေရာများ၌ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို မဟာအောင်မြေမြို့နယ် ဒု-မီးသတ်ဦးစီးမှူး ဦနေလင်းအောင် မြို့နယ် အရန်မီးသတ် ဒု-တပ်ရင်းမှူး ဦးကိုလေး၊ သံလျက်မော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များကို လူစည်ကားရာနေရာများ၌ စိုက်ထူးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း