ရန်ကုန် မတ် ၁၉
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက်ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ရှေ့ဦးစွာ သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က ပြိုင်ပွဲပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ကလေးများအား စာဖတ်ပြခြင်း၊ ကဗျာရွတ်ပြခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့ ဂိမ်းကစားခြင်းများပြုလုပ်ပေးရာ ဗိုလ်ချုပ်မူလွန် (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာ ဂိမ်းကစားခဲ့ကြသည်။
သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သတင်းအချက်အလက်များ သိရှိနားလည်စေရန်နှင့် လေ့လာဖတ်ရှုနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန MOI News ၊ MTube ၊ MRTV QRကုတ်များကိုလည်း ရုံးတွင်ပြသဆောင်ရွက်ထားပြီး ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ