ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းကွင်းဆင်းစစ်ဆေး

ကွမ်းခြံကုန်း မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းကို မတ် ၁၇ ရက်နေ့က ဒရယ်လူးကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းဖြစ်သည့် ဒရယ်လူးကျေးရွာတွင် ဝက်မွေးမြူရေးလုပ်ငန်းနှင့် ဆိတ်မွေးမြူလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဆွေနွယ် (ပြန်/ဆက်)