ဒိုက်ဦး ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူးဖလား U-20 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ညောင်လေးပင်ခရိုင်အတွင်းရှိ ညောင်လေးပင်၊ ဒိုက်ဦး၊ ရွှေကျင်နှင့် ကျောက်တံခါးမြို့နယ် အသင်း ၄ သင်းတို့မှ ဇူလိုင်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ ဒိုက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ တင်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)