ကော့သောင်း ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက (မူလွန်)(၂)မိုင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မေဇင်ဦးက စာဖတ်စွမ်းရည် မြင့်မားတိုးတက်စေရန်နှင့် အသိပညာ ဗသုတများတိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား စာဖတ်ဝိုင်းပြုလုပ်ပေး၍ မိမိဖတ်ရှုရသည့်စာအုပ်ထဲမှ ဗဟုသုတ ရရှိစေသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)