မိုးနဲမြို့နယ် နမ့်စလိုင် အ.လ.က(ခွဲ)ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေး

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်း‌ကျောင်းခွဲ (နမ့်စလိုင်)ကျောင်း၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဇူလိုင် ၁၅ ဝေဝေခိုင်(ပြန်/ဆက်)

ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများ အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9) အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ(၁၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့နယ်တွင် စံပြကွက်စပါး ရိတ်သိမ်းခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦး​စောလင်းခယ်တို့ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ် မွေတော်ရှမ်းစုကျေးရွာရှိ တောင်သူဦးတင်ဖေ၏ လယ်​မြေဧက(၁၀၀)စံပြကွက်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်သမဖြင့် ကြိုးတန်း လက်စိုက် စိုက်ပျိုးခြင်း၊ တောင်သူဦးတင်ထွေး၏ လယ်​မြေတွင် တတိယသီးနှံ စပါးရိတ်သိမ်းမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအား​ပေးခဲ့ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ကရသူရိမြို့ အခြေခံပညာအထက်တန်း‌‌ကျောင်း၌ (၇၇)နှစ်‌မြောက် အာဇာနည်နေ့ ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာ ဗဟု သုတရရှိရေး (၇၇) နှစ်‌မြောက်၊ အာဇာနည်နေ့ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ‌ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်‌ရောက်မှုကြောင့် ယာယီပြောင်းရွှေ့‌နေထိုင်သည့် အိမ်‌ထောင်စုများအား မကွေးတိုင်းဒေသကြီး၊ တိုင်းကျန်းမာရေးဦးစီးမှူးမှ ကျန်းမာရေးဆိုင်ရာများ ဆွေးနွေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်‌‌‌‌‌‌ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့‌နေထိုင်သည့် အိမ်‌ထောင်စုများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာကျေးရွာနှင့် မလွန်ကျေးရွာတို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ရှိမြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to