ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ ပျဉ်းမနား ဇူလိုင် ၁၅ မျိုးသီဟ(ပျဉ်းမနား)

ပေါင်းတည်၌ လူငယ်ရေးရာနှင့်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (ဘုရားငါးဆူ) တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့ကို ယနေ့ နံနက် ၉ နာရီက အ-ထ-က(သနပ်ပင်)ကျောင်း ဇီဇဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) အချိန်က ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ဧရာဝတီမြစ်ရေဝင်ရောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝန်လိုရပ်ကွက်၊ ပေါ်တော်မူရှင်ဖြူမြတ်စွာ ဘုရားကြီးရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်၍ ရေဘေးသင့်ပြည်သူများ၏ နေထိုင်စားသောက်မှုအခြေအနေများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်(၁၅)အိတ်၊ ဆီပိဿာ (၆၀)၊ ကြက်ဥ (၉၀၀)လုံး၊ ခေါက်ဆွဲ​​​ခြောက် (၁၀) ဖာ၊ ပူတင်းပေါင်မုန့် (၁၅၀) ထုပ်၊ ရေဘေးသင့်ပြည်သူများအား ချက်ပြုတ်ကျွေးမွေးရန် ပေါ်တော်မူဘုရားဂေါပကအဖွဲ့သို့ ထောက်ပံ့ငွေ (၅၀၀၀၀၀ိ/-)ကျပ်နှင့် ခရိုင်/ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ရက်သတ္တပတ်(၂)ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၆၄၉၄၀၀ိ/-)ကျပ်တို့အား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက် အဆောက်အအုံ အသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက်အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပသည်။

အောင်လံမြို့၌ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဇူလိုင်လ (၁၃) ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သရက်တော၊ စက်ရုံ၊ စမ်းချောင်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများကို ယနေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာ ရွတ်ဆိုပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်ပြပွဲကို ယနေ့ နေ့လယ် (၂) နာရီက ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည်ရှုခဲ့ကြောင်း သိရသည်။
Subscribe to