သနပ်ပင်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

သနပ်ပင် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့ကို ယနေ့ နံနက် ၉ နာရီက အ-ထ-က(သနပ်ပင်)ကျောင်း ဇီဇဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာကြီးဦးမျိုးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ အ-ထ-က(ကမာစဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးချိုက ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းကို အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ သနပ်ပင်မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ရှိ ကျောင်းသား/ ကျောင်းသူလေးများက အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ခြင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောခြင်းများကို ပြိုင်ပွဲဝင်ခဲ့ကြသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)