တပ်ကုန်း ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ရွှေမြို့ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းရှိ နှင်းဆီအဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဥတ္တရာခရိုင်ဥပဒေရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဌေးက ဥပဒေအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ပလပ်စတစ်ညစ်ညမ်းမှုအကြောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးက ဌာနဆိုင်ရာများအကြောင်း၊ ရွှေမြို့တိုက်နယ်ဆေးရုံမှ ဒေါက်တာအောင်ဆန်းဝင်းက ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းသဇင်ဦးက သဘာဝဘေးအန္တရာယ်အကြောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်ဇော်ဇော်မျိုးက လျှပ်စစ်သုံးစွဲမှုအန္တရာယ်အကြောင်း၊ အမှတ်(၁၀၁) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်မင်းသိန်းစိုးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နားမာနိုက အလုပ်သမားရေးရာအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဟိန်းအောင်ကျော်က မီးဘေးအန္တရာယ်အကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်းနိုင်က မှူခင်းကျဆင်းရေးအကြောင်းတို့ကို အသီးသီးဟောပြောခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(ရွှေမြို့)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် သက်ဆိုင်ရာဌာနများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များ၊ အာဇာနည်နေ့နှင့် သမိုင်းဝင်ပုံရိပ်မှတ်တမ်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဂျပန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် မှတ်တမ်းနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်