မင်းဘူး ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်စခန်းများသို့ သောက်သုံးရေ ၁၄၈၀၀ ဂါလံအား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မင်းဘူးမြို့ စက္ကိန်းတဲဘုရား ရေဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၁၈၀)စု၊ လူဦးရေ(၆၁၃)ဦး၊ အ.ထ.က (၁) ဘောလုံးကွင်း ရေဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၉၀)စု၊ လူဦးရေ(၄၃၅)ဦး၊ မြသိန်းတန်ဘုရား ရေဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၁၄၆)ဦး၊ ချမ်းသာကြီးဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၁၁၆)စု၊ လူဦးရေ(၄၅၉)ဦး မှန်ကင်းဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၁၇၀) စု၊ လူဦးရေ (၁၀၀၀) ခန့်ရှိကြောင်း သိရသည်။
ထို ရေဘေးရှောင်စခန်းများအတွက် ခရိုင်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဇူလိုင် (၁၂)ရက်နေ့တွင် ရေဂါလံ(၁၂၀၀)၊ (၁၃)ရက်နေ့တွင် ဂါလံ(၃၆၀၀)၊ (၁၄)ရက်နေ့တွင် ဂါလံ(၁၂၀၀)၊ (၁၅) ရက်နေ့တွင် ဂါလံ(၈၀၀)၊ (၁၆)ရက်နေ့တွင် ဂါလံ(၂၈၀၀)၊ (၁၇) ရက်နေ့တွင် ဂါလံ(၃၆၀၀)ဖြစ်၍ စုစုပေါင်း ရေဂါလံ(၁၄၈၀၀)အား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ပြောသည်။
ဇေယျာထက်(မင်းဘူး)