ပေါင်မြို့နယ်၌ ဆန်များဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

ပေါင် ဇူလိုင် ၁၈

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီက နတ်ကြီးချောင်‌ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးခြင်းကို ပေါင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များနှင့်  ကုန်သည်ကြီးများအသင်း၊ မြို့နယ်စားသုံးသူဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ပေါ်ဆန်းတစ်ပြည်လျှင် (၅၀၀ဝိ/-)ကျပ်၊ ဧည့်မထတစ်ပြည်လျှင် (၃၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချပေးခဲ့ရာ ပြည်သူများမှအဆင်ပြေစွာဝယ်ယူခဲ့ပြီး ပေါ်ဆန်း (၂၄)ပြည် (၁၀)အိတ်နှင့် ဧည့်မထ (၂၄)ပြည် အိတ်(၄၀) စုစုပေါင်းအိတ် (၅၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)