တောင်ဥက္ကလာပ ဇူလိုင် ၁၈
သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ၊ ဝန်ထမ်းမိသားစုဝင်များ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက် မြို့နယ်မီးသတ်ရုံးနှင့်ဝန်ထမ်းလိုင်းခန်းများတွင် တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးအေးမိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ အမှတ်(၁၁)ရပ်ကွက် မြို့နယ်မီးသတ်ရုံးနှင့် ဝန်ထမ်းလိုင်းခန်းများတွင် ဆေးဖြန်းခြင်း၊ သောက်သုံးရေကန်များအတွင်း ကလိုရင်းဆေးခပ်ခြင်း၊ ထုံးမှုန့်ဖြူးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ထမ်းလိုင်းခန်းနေမိသားစုဝင်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)