မြန်အောင် ဇူလိုင် ၁၈
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိသော မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြား မကျီးစုရေကာတာအား ယမန်နေ့နေ့လယ်တွင် တာဝန်ရှိသူများ ကမ်းပြိုမှုသက်သာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကျီးစုရေကာတာ တာကျိုးခြင်းမရှိကြောင်းနှင့် တာတမံကောင်းမွန်စေရန် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)