စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)တက်ရောက်

မုံရွာ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၄)ကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်း  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

 ဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အရေးကြီးဆုံး လုပ်ငန်းစဉ်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်ရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ပါအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် မဲစာရင်းပြုစုရာတွင် အရေးကြီးသည့် ကိန်းဂဏန်းအချက် အလက်မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းမှရရှိသည့် လူဦးရေစာ ရင်းအား မှန်ကန်သည့် မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ထိ (၁၅)ရက်ကြာ ကောက်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းတွင်ပါဝင်ကြမည့် စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များကိုလည်း သက်ဆိုင်ရာ မြို့နယ်များအလိုက် သတ်မှတ်အရေအတွက်အတိုင်း ကြို တင်စုဖွဲ့ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန်းခေါင်စာရင်း ကော်မတီများမှ နိုင်ငံတော်အဆင့် စီမံချက်အား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ တိုင်းဒေသကြီးအတွက် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမည့်အချိန်တွင်လည်း မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေးလုပ်ငန်း ဆောင်ရွက်ရန်ကျန်ရှိသည့် နေရာများအား သန်းခေါင်စာရင်းကောက်ယူမည့် နေရာများအား တစ်ပါတည်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးစီမံဆောင်ရွက်ထားရှိကြရန် လိုအပ်ပါကြောင်း၊ မဲစာရင်းမှန်ကန်စေရေးအတွက်လည်း လို အပ်သည့်နေရပ်လိပ်စာ ဖော်ပြရန်ကျန်ရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရန် ကျန်ရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ တာဝန်ရှိသူများမှ အလေးအနက်ထား ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းအောင်က တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေ ပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုရေး ဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။  

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲစာရင်းပြုစုရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြေအနေများအား အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့

ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌  ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင် ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် မဲစာရင်းပြုစုရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)