ဇလွန် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ဆန်တန်းရပ်ကွက် ကျီးပင်ဆိပ် မြစ်ကမ်းတစ်လျှောက်တွင် အသိပေးနှိုးဆော်ခဲ့ကြသည်။
ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိပြီဖြစ်သဖြင့် မြစ်ကမ်းနီးနေထိုင်သော ပြည်သူများအား မြစ်ရေကြီးခြင်းသတင်းကို အမြဲနားထောင်ရန်၊ ရေလွှမ်းရာ ကမ်းပါးရှိနေရာများကို လမ်းလျှောက် သွားလာခြင်းမပြုရန်၊ မြစ်ရေကြီးမြင့်လာမူကြောင့် နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းကြရန်၊ ထိခိုက်ပျက်ဆီးမှုအခြေအနေအား စာရင်းပြုစုပြီးကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားလုံးနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် စသည့်အချက်များကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)