ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထန်းလုံးချောင်းတာ ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊(ဆည်မြောင်း) ခရိုင်ဦးစီးမှူး၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ဆည်မြောင်း) မြို့နယ်ဦးစီးမှူးတို့ လိုက်ပါ၍ ထန်းလုံးချောင်းတာ ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။