လပွတ္တာ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် လပွတ္တာ(၃)မိုင်မြို့ လူငယ့်အားမာန်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ကာလသည် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဥ်များနှင့်အတူ ဆက်စပ်ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုဖြစ်ပေါ်စေသည့် အကြောင်းတရားများကို ကြည့်မည်ဆိုပါက လူဦးရေတိုးပွားလာမှုနှင့်အတူ ရုပ်ကြွင်းလောင်စာများ ပိုမိုသုံးစွဲလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ ညစ်ညမ်းရေများ စွန့်ပစ်ခြင်းစသည့် အကြောင်းအရင်းများကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများဖြစ်ပေါ်ပြီး သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု လျော့ပါးစေရေးအတွက် ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို ပိုမိုသိရှိ နားလည်ပြီး စနစ်တကျစီမံခန့်ခွဲနိုင်ရန် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို သေချာနားလည်သဘောပေါက်အောင် လေ့လာသင်ယူပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုလျော့ပါးစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နော်ရူဘီစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ခရိုင် မြို့နယ်အဆင့်ဖွဲ့စည်းထားရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အသီးသီးတွင် ပါဝင်တာဝန်ယူဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများမှ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)