ဟုမ္မလင်း မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်၊ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မတ်လ(၂၄)ရက် နံနက်(၇)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ဟုမ္မလင်းမြို့၌၊ မြန်မာ့စီးပွားရေးဘဏ်တွင်၊ လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများမှ မြို့ပြပင်စင် (၅၉၈)ဦး၊ ကာကွယ်ရေးပင်စင်(၅၃၅)ဦး၊ နိုင်ငံရေးပင်စင်(၁၅၂)ဦး၊ ရဲတပ်ဖွဲ့ပင်စင်(၇၄)ဦး၊ စီးပွားဘဏ်ပင်စင်( ၅ )ဦးစုစုပေါင်း (၁၃၆၄)ဦးရှိကြောင်းသိရသည်။
ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ပါကြောင်း လစဉ်ပင်စင်ထုတ်ယူသူများအတွက်၊ လစဉ် (၂၁)ရက်နေ့မှ လကုန်ရက်နေ့အထိ ထုတ်ပေးလျက်ရှိပါကြောင်းနှင့် လပေါင်း၍ ပင်စင်ထုတ်ယူသူများအတွက် အစိုးရရုံးဖွင့်ရက်နေ့တိုင်း ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာ ဦးအောင်သန့်ဇင်ထံမှ သိရသည်။
ဟုမ္မလင်း၊(ပြန်/ဆက်)