မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက်၏ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ်နှင့် (၈၄) ကြိမ်မြောက် ဓမ္မဝိနယစာတော်ပြန်ပွဲ အခမ်းအနားသို့ တက်ရောက်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက်၏ (၁၂၅) နှစ်ပြည့်အထိမ်းအမှတ်နှင့် (၈၄) ကြိမ်မြောက် ဓမ္မဝိနယစာတော်ပြန်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက် ထေရာသနကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ ဦးစွာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိသတ်တို့က အခမ်းအနားကိုနမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ရွှေကျင်နိကာယ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သက္ကယ်တောင်ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဉာဏ်ဏဓဇထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြသည်။