ပေါင်းတည်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ပေါင်းတည် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ သင်္ကြန်အကြိုနေ့ နံနက် ၉ နာရီက ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ဘုရားကြီးလမ်း ဗဟိုမဏ္ဍပ်တွင်စည်ကားသိုက်မြိုက်စွာကျင်းပသည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူးက မြနန္ဒာသီချင်းဖြင့်သီဆိုကာ သင်္ကြန်ယိမ်းအဖွဲ့များက စုပေါင်းဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ဗဟိုမဏ္ဍပ်စင်တွင် သင်္ကြန်ယိမ်းအဖွဲ့များ အလှည့်ကျဖျော်ဖြေခဲ့ကြပြီး လမ်းလျှောက်သင်္ကြန်နေရာရှိ လောင်းလှေများအတွင်းမှ အဖွဲ့လိုက် ရေကစားကြပြီး နံ့သာသနပ်ခါးများသွေး၍ အချင်းချင်းလိမ်းခြယ်ပေးကာ တပျော်တပါးရေကစားကြကြောင်းသိရသည်။

ရွှေသား(IPRD)