ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဥပဒေဌာနတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းတို့က အမှာစကား အသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာအေးမြတ်မွန်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွှန့်နှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးတို့က လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ရာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာအေးမြတ်မွန်တို့က လက်ခံရယူခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သင်ကြားပေးခဲ့သော နည်းပြဆရာ၊ ဆရာမများ၊ အလှူရှင်များအား တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြပြီး ရှေးဦးပြုစုခြင်း အခြခံသင်တန်းတွင် ဆုရရှိသူများအား တာဝန်ရှိသူတို့ကဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား ပထမနှစ်မဟာဥပဒေ ကျောင်းသား မောင်သူရပြည့်စုံက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ