သုံးခွ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး ပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့နံနက် ( ၁၀)နာရီက သုံးခွမြို့နယ် အထက (မြို့မ)ကျောင်း စိန်ပန်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဝင်းကြည်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်ပြောကြားရာတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရူ့ခြင်းကြောင့် အတွေးအခေါ်များ မြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်လူယဥ်ကျေးများပေါ်ထွန်းလာစေရန် ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားမှူး ဦးခုပ်စွမ်းခိုင်က လူငယ်နှင့်အသိပညာ ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ကြောင်းသိရသည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသ စာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကစိတ်ပါ ဝင်စားစွာလေ့လာကြည့်ရှုကြကြောင်းသိရသည်၊၊
စည်သူလင်း