သာစည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဟောပြော

သာစည် ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်သစ်တောဦးစီးဌာနက ကျောင်းသား/သူများ သစ်တောထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးဦးလှထွန်းက အမှာစကားပြောကြားပြီး ခရိုင်သစ်တော ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်က သစ်တောထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။ ဆက်လက်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမိုးထက်အောင်က သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအား ပရိုဂျက်တာဖြင့်ပြသကာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် သစ်ပင်စိုက်ပျိုးရန် အရေးကြီးကြောင်းရိုက်ကူးထားသည့် ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသပေးပြီး ကျောင်းသား/သူများအား အကျိုးကျေးဇူးမျိုးစုံရရှိဖို့ စိုက်ပျိုးပြုစုထိန်းသိမ်းစို့ အသိပညာ ပေးလက်ကမ်းစာစောင်များနှင့် အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းဥယျာဉ်ခြံအတွင်၌ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက တစ်ပင်စိုက် တစ်ပင်ရှင်သန်စေရန် သစ်ပင်စိုက်ပျိုးခြင်းကို လက်တွေ့စိုက်ပျိုးပြသရာ ကျောင်းအုပ်ကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/မများ၊ ကျောင်းသား/သူများက စုပေါင်းပါဝင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)