နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ သက်တော်ရှည်ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်း

ဇေယျာသီရိ ဇူလိုင် ၂၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ သုဇနကာရီနယ်စပ်ဒေသတိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးပရဟိတ သာသနာပြုကျောင်းနှင့် နေမျိုးနွယ်ကျောင်းတိုက်တို့ရှိ သက်တော်ရှည်ဆရာတော်ကြီးအား ယနေ့နံနက်ပိုင်းက လာရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့သည် သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတသာသနာပြုကျောင်း သို့ရောက်ရှိပြီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဇနမထေမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည် ခဲ့ပြီး ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် လှူဒါန်းမှုတို့ကို အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်၍ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးပရဟိတသာသနာပြုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ အခြေခံပညာထူးချွန်ဆုနှင့် တက္ကသိုလ်ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး အဆိုပါကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများဖြင့် ကွင်းဆင်းဆေးကုသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ကုသမှုခံယူသည့် မျက်စိလူနာရှင်များအား မျက်မှန်များ လှူဒါန်းပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့် အဖွဲ့သည် ခေတ်အေးကျေးရွာအုပ်စု နေမျိုးနွယ်ကျောင်းတိုက်သို့ ရောက်ရှိပြီး သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ လှူဒါန်းမှုတို့ကို အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)